ရက်စွဲ။ ၂၀၁၃ ခု ၊ ဧပြီလ ၊ ၁၂ ရက် ။
ကျွန်တော့်ရဲ့ ပညာရေး ဆိုင်ရာဘလော့ကို ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့
ရှုထောင့်ပေါင်းစုံ့ကနေ ပညာရေးကို ရှုမြင်သုံးသပ်ကြတဲ့အခါ
မျက်မမြင် ပုဏ္ဏားခြောက်ယောက်ပုံပြင်ထဲက ဆင်ကို မမြင်မစမ်းနဲ့ကိုင်တွယ်
သုံးသပ်တာမျိုးတွေကိုကော အခုတင်ပြမယ့် ဥပမာမျိုးတွေပါ
ဖြစ်နေတာကိုတွေ့ရပါတယ်။
လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် အရေးကြီးတဲ့စင်တစ်ခု တည်ဆောက်ဖို့
ဆွေးနွေးကြတဲ့အခါ စင်အောက်က နားနေခန်း၊ကားထားဖို့နေရာ စတဲ့
အကြောင်းအရာ လောက်ကို တက်ရောက်တဲ့သူတွေက အသည်းအသန်
ဆွေးနွေးဆူညံနေကြပြီး တကယ့် အရေးကြီးတဲ့ နည်းပညာဆိုင်ရာနဲ့
လုပ်ရမယ့် စင်အပေါ်ပိုင်းကဏ္ဍတွေကို ရောက်တဲ့အခါမှာ
ဘာမှမဆွေးနွေးနိုင်ကြတဲ့ အခြေအနေမျိုးရောက်ကြရတာမျိုး ဖြစ်နေမှာ
စိုးရိမ်လို့ပါ။
ပညာရေးဆိုတာ တကယ်ကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့အရာ
ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အခြေခံပညာ ဆိုတာက
ပိုပြီး ကျွန်တော်တို့အားလုံးနဲ့နီးစပ်ပါတယ်။
ဒါပေမယ့် အထက်က ကျွန်တော်တင်ပြခဲ့သလိုအများစု ဖြစ်နေတာကလဲ မလွဲပါဘူး။
အဲ့ဒါတွေကို ကျော်လွန်နိုင်ဖို့အခြေခံပညာ(ပညာအခြေခံ)က
ကျွန်တော့်ရဲ့ နှစ်နှစ်ဆယ်ကျော်ကာလဖြတ်ကျော်လာသမျှကို
အနာဂတ် မြန်မာ့ပညာရေးမှာ တစ်ထောင့် တစ်နေရာကနေ
ပံ့ပိုး ကူညီ မှတ်တမ်းတင် တင်ပြ နိုင်ဖို့အတွက်
အခုဘလော့ကို ဖွင့်လှစ်လိုက်ပါတယ်။ရှုထောင့်အနေအထား
မျိုးစုံကနေရေးသားသွားမှာ ဖြစ်ပါတယ်။
အားလုံး သာယာချမ်းမြေပြီး အောင်မြင်တိုးတက်တဲ
မြန်မာ့အခြေခံပညာရေးကို ဖော်ဆောင်နိုင်သူတွေ
ဖြစ်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။
လေးစားလျက် - မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment