(၁၈.၁.၁၄)ရက်နေ့ နံနက် ၉နာရီတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်
အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို
ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထူး၊ မြို့နယ်စည်ပင်
သာယာရေးကော်မတီဥက္ကဌဦးစိုင်းကျော်ဇံခေတ္တမြို့နယ်ပညာရေးမှူးအထကဆန်ဆိုင်းကျောင်းအုပ်
ဆရာကြီးဦးဝင်းမြင့်မြို့နယ်စာရေးဆရာအသင်းဥက္ကဌဦးထိန်မင်းမဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌဦးတင့်ဆွေ ၊ မိုင်းဖုန်း(ခ)ကျောင်းမိသားစုမှူး ဝှေလေလန်မူလွန်ကျောင်းအုပ်ဆရာကြီးဦးမြင့်ဝင်းလှနှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းအုပ်ကြီးများ ဆရာဆရာမများ ၊စေတနာရှင်ေ၇ွှတြိဂံပါရာဒိုက်ဟိုတယ်မန်နေဂျာဦးကျော်ကျော်စိုးနှင့်အလှူရှင်များ၊ကျောင်းအကျိုးဆောင်များ၊
ကျေးရွာအုပ်စုအဆင့်၊ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့များ၊ မိဘပြည်သူများ ၆၀၀ကျော်တက်ရောက်
အားပေးခဲ့ပါသည်။
ဝှေလေလန်(မူလွန်)စုံညီပွဲတော်ကို ၁၅.၁.၁၄ ရက်နေ့မှစ၍ အားကစားနှင့် ဘက်စုံထူးချွန်ပြိုင်ပွဲ
များကို ၁၇.၁.၁၄ရက်နေ့အထိ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
(၁၈.၁.၁၄)ရက်နေ့ ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ပညာရည်ချွန်ဆုများ၊ကျောင်းစီမံခန့်ခွဲရေးနှင့်ကျောင်းကောင်စီအသင်းလုပ်ငန်းထူး
ချွန်ဆုများ၊ အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊အားကစားထူးချွန်ဆုများချီးမြှင့်ခြင်း
ပန်းချီအနုပညာနှင့်လက်မှုထူးချွန်ဆုများပေးအပ်ခြင်း တို့ပါဝင်ခဲ့ပါသည်။
ဝှေလေလန်(မူလွန်)ကျောင်းသားကျောင်းသူများ၏ အဆိုအကဖျော်ဖြေရေးအစီအစဉ် (၁၆)ခုနှင့်မိုင်းဖုန်း
(ခ)ကျောင်းအုပ်စုဝင် ကျောင်းများမှ ကျောင်းသားကျောင်းသူကလေးများကလည်း ဖျော်ဖြေတင်ဆက်
ခဲ့ကြောင်းသိရှိရပါသည်။
မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment