လကုန်ရက်များတွင် လည်းကောင်း မြို့နယ်အဆင့်ပညာရေး လှုပ်ရှားမှုများတွင် လည်းကောင်း တစ်ခါတစ်ရံ သူမကို တွေ့ဆုံခင်မင်ခဲ့ဖူးသလို တွေ့ဆုံတိုင်းတွင် လှိုက်လှဲစွာ လေးလေးစားစား မသိသည်များကို မေးမြန်းတတ်သူ ပညာရေး ညီမငယ်တစ်ဦးဖြစ်ပါသည်။
ဆောင်းပါးရှင် - မြတ်မျိုးမြင့်မာန်
သူ၏ သဏ္ဍာန်သည် အထင်အရှား ရှိနေဆဲဖြစ်ပါသည်။
ကျေးရွာနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် သူ့ကို ကျေးရွာမှ လေးစားချစ်ခင်မှု အပြည့်ရှိကြောင်း မျက်ဝါးထင်ထင် တွေ့ရှိခဲ့ရပါသည်။ ယန်းခမ်းရွာတွင် သူရောက်ရှိသည် တာဝန်ထမ်းဆောင်သည်မှာ (၇)နှစ်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ တပည့်များမှာလည်း ကြေကွဲသည့်ကြားမှ သူ့နာရေးတွင် အချိန်ပြည့် ကူညီနေကြကြောင်းတွေ့ရသည်။ သူ့တပည့် အလယ်တန်း၊ အထက်တန်း ကျောင်းသူများပင် အဖြူ အစိမ်း ယူနီဖောင်းဖြင့် လာရောက်ကူညီနေကြသည်။ ယန်းခမ်းရွာအတွင်းမှ ရှမ်းတိုင်းရင်းသားနှင့် အိမ်ထောင်ကျသူ မိတ္ထီလာသူ ဗမာအမျိုးသမီးမှာ အသားအရေနှင့်စကားပြောပုံမှာ ရှမ်းတိုင်းရင်းသားပုံစံ
အတိုင်း ထူးခြားစွာတွေ့ရသော်လည်း ဗမာလိုတစ်မျိုး ရှမ်းလိုတစ်ဖုံ ပြောဆိုပြီး နာရေုးကို အပင်ပန်းခံဦးဆောင်ဆောင်ရွက်နေသည်ကိုလည်း လေးစားစွာတွေ့နေရပါသည်။ ကွယ်လွန်သူ ဆရာမကြီးအားလည်း လွန်စွာလေးစားချစ်ခင်ကြောင်းသိရပါသည်။ သူ၏ ငယ်သူငယ်ချင်း တာချီလိတ်မြို့နယ် စန်းလု အ.မ.ကကျောင်းအုပ်ဆရာမကြီးဒေါ်နန်းခမ်းဝါ ထံမှလည်း သူ့အကြောင်း အထူးကြားသိခဲ့ရပါသေးသည်။
ကျေးရွာမှ အဘိုးအဘွားများမှာလည်း မျက်ရည်များနှင့် စိတ်မကောင်းမှုကို အထင်အရှား တွေ့မြင်နေကြရပါသည်။ သူ၏ကျောင်းကို တစ်ဆောင်မှနှစ်ဆောင် အပြင် ကလေးများ၏ သင်ကြားသင်ယူမှု တိုးတက်ရေးအတွက် သူကြိုးစားဆောင်ရွက်သွားမှုများစွာကိုလည်း ကိုယ်တိုင်ကြားခဲ့ရပါသည်။ ကွယ်လွန်သူ ပညာရေး ညီမငယ်အတွက် ဂုဏ်ယူမိပါသည်။
နာရေးကုန်ကျစရိတ်အားလုံးကို ကျေးရွာမှ အလုံးစုံကျခံကြောင်း ကြားသိရပြီး ရှမ်းထုံးစံ ဗမာထုံးစံများဖြင့်
ခမ်းခမ်းနားနား စနစ်တကျ စိတ်ပါလက်ပါ ကူညီဆောင်ရွက်ပေး ကြသည်ကိုတွေ့ရသဖြင့် ဆရာမကြီးနှင့်ပညာရေးကိုနားလည် ကူညီပေးသော ရပ်ရွာကိုလည်း အထူးလေးစား၍ အသိအမှတ်ပြုမိပါသည်။
လွန်ခဲ့သော (၂၄) နှစ်ခန့်က ကျွန်တော် မူလတန်းပြဆရာဘ၀တွင် ဤရွာကလေးကို ဖြတ်သန်းသွားခဲ့ဖူးပါသည်။ ယခုကဲ့သို့တိုက်တာအဆောက်အဦ လျှပ်စစ်မီးလည်းမရှိသေးသလို ပညာရေးမှာလည်း နုံချာလှပါသည်။ ၎င်းကာလတွင် ကျွန်တော်၏ သူငယ်ချင်း ဆရာမလေးတစ်ဦး တာဝန်ကျခဲ့ဖူးပါသည်။ ကျောင်းမှာ လယ်ကွင်းထဲတွင်ရှိပြီး အမိုးသာရှိပြီး အကာမရှိဘဲ ကျောက်သင်ပုန်းနှစ်ချပ်ဖြင့် လေထဲမိုးထဲတွင် ဆရာမလေးတစ်ဦးထဲ သင်ကြားနေရသလို ဆရာမလေး၏ စားဝတ်နေရေး အဆင်မပြေကြောင်း သိခဲ့ရဖူးပါသည်။
ယနေ့အချိန်အခါတွင် ယခင်နှင့်အိပ်မက်ပမာ ပြောင်းလဲတိုးတက်နေသော ရပ်ရွာနှင့် ဒေသ၏ အတွေးအခေါ်နှင့် ပညာရေးပူးပေါင်းမှု အောင်မြင်နေမှုကိုတွေ့ခဲ့ရသဖြင့် လွန်စွာဝမ်းသာမိပါသည်။
သို့သော်လည်း အသက်(၃၈) နှစ်အရွယ် ရပ်ရွာဒေသ အကျိုးအစွမ်းကုန် ဆောင်ရွက်နိုင်သည့် အရွယ်ရှိသည့်ပညာရေးညီမငယ် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးသီတာထွန်း ကွယ်လွန်ခဲ့ခြင်းအတွက် နိုင်ငံတော်အတွက်လည်းကောင်း ပညာရေးဌာနအတွက်လည်းကောင်း ပညာသောက်စို့ လူလားမြောက်ကြမည့် ကလေးငယ်များအတွက်လည်းကောင်း လွန်စွာနှမြောမိပါသည်။ ဆိုင်ကယ်မေးသိုင်းကြိုး ကောင်းစွာ မတပ်ခဲ့သည့်အတွက်ဟုအဆုံးတွင် အဖြေတစ်ခု ရရှိခဲ့ပါသည်။
တစ်ခါတစ်ရံတွင် အသေးအဖွဲလေးများသည် ဘ၀တစ်ခုလုံးကိုပြောင်းလဲသွားနိုင်သည်ကို ဤသည်က အတွေ့အကြုံတစ်ခုရခဲ့ပါသည်။
အကြွေစောသောပန်းတစ်ပွင့် သို့မဟုတ် ပညာရေး ညီမငယ် ယန်းခမ်း အ.မ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာထွန်း ကောင်းရာသုဂတိလားပါစေ ၊ ဘ၀အဆက်ဆက် ပညာပါရမီဖြည့်ဆည်းသူ ဖြစ်ပါစေဟု ဆုတောင်းရင်း ကြေကွဲစွာဖြင့် ဆောင်းပါးကိုနိဂုံးချုပ်အပ်ပါသည်။
သတင်းဆောင်းပါး - မြတ်မျိုးမြင့်မာန်
တာချီလိတ်အွန်လိုင်းစာမျက်နှာတွင် ဖော်ပြခဲ့သောဆောင်းပါးအပ် ထပ်ဆင့်မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။