Saturday, August 29, 2020

ဘီအီးဒီဆိုတာ ......

 


ဘီအီးဒီဆိုတာ ကြွားဖို့မဟုတ်ဘူး 

ဂုဏ်ယူဖို့ပါ။

ဘီအီးဒီဆိုတာ သာမာန်မဟုတ်ဘူး 

ပညာရေးရဲ့ ရင်းမြစ်ကြီးပါ။

ဘီအီးဒီဆိုတာ 

ပညာရေးတက္ကသိုလ်တက်ရမှ 

ရတာ မဟုတ်ပါဘူး။ 

ဘွဲ့လက်မှတ်ကြီး ရမှမဟုတ်ဘဲ 

ဝါသနာ တကယ်ပါရင်

အပြင်ကနေ လေ့လာမှတ်သား 

လက်တွေ့ အသုံးချနိုင်ပါတယ်။ 

ဘီအီးဒီဆိုတာ ပညာရေးရဲ့ 

Promotion လှေကားဖြစ်တာ မှန်ပေမယ့် 

ပညာရေးမှာ 

domain ဘယ်နှစ်ခုရှိတယ်

ဆိုတာလေးတောင် မသိ‌တော့တဲ့ 

ဘီအီးဒီဆင်းသူတွေ ရှိနေတယ်။

ဘီအီးဒီက ပေးလိုက်တာတွေကို

လက်မှတ်ရတာနဲ့ 

ရင်းမြစ်တွေကို မေ့လျော့လို့

ရာထူးနောက် အသပြာနောက်

ကောက်ကောက်ပါအောင်လိုက်လို့

ဘီအီးဒီရသူ ဆိုတာကိုတောင် 

မေ့ထားကြသူတွေရှိတယ်။

အဲဒါတွေက ရ တာ နာ တွေ။ 

သင် ဘီအီးဒီရဖို့

ကြိုးစားတာ လက်ခံတယ်။ 

ဘီအီးဒီလက်မှတ်ယူပြီး

လုပ်စားတာ မဖြစ်သင့်ဘူး။

ဘီအီးဒီက ရင်းမြစ်တွေနဲ့ 

အခြေခံပညာကို တိုးတက်အောင်

အင်တိုက်အားတိုက် အားစိုက်ခွန်စိုက်

ရည်ရွယ်လုပ်ကိုင်ဖို့ 

အရေးကြီးပါတယ်။ 

ဘီအီးဒီနဲ့ အခြေခံပညာ 

တိုးတက်အောင် လုပ်ကြဖို့ 

ဘီအီးဒီ ရပြီးသူကော မရသေးသူတွေပါ 

အခြေခံပညာအတွက် 

စေတနာရှင်၊ဝါသနာရှင်၊ပညာရှင်ကြီးတွေ

ဖြစ်ကြစမ်းစေချင်လှပါတယ်။

 

ဦးမြင့်ဝင်းလှ B.Sc,B.Ed

ဒုတိယမြို့နယ်ပညာရေးမှူး




အခြေခံပညာရေးအတွက် ဘီအီးဒီကို ရာထူးထက် အခြေခံပညာအတွက် ထက်မြတ်တဲ့ လက်နက်အဖြစ်
သိနားလည်ပြီး ရယူခဲ့သည်။ ငွေရဖို့ အနည်းငယ်မျှ မစဉ်းစားခဲ့ပါ။ ရာထူးရဖို့တော့ သိခဲ့ပါသည်/
သို့သော် ပညာရေးမှူးရုံးအဆင့်ဆင့်တွင် နေသော အရာရှိရာထူးထက် ကျောင်းတွင် စာသင်သောဆရာသာ
ဘီအီးဒီကို ပိုမို ပုံဖော်နိုင်မည်ကို သိလာသောအခါ ကျောင်းတွင် စာသင်သော ဦးဆောင်ရသော ကျောင်းအုပ်ဘဝကိုသာ နေ့စဉ်တမ်းတလျက် တတ်စွမ်းသမျှ ဘီအီးဒီဆင်းများ အခြေခံပညာအတွက် မှန်မှန်ကန်ကန် ဦးဆောင်စေလိုသော မြန်မာ့ပညာရေးအတွက် အားဖြည့်စေချင်သော စေတနာမှန်ဖြင့် ဖေ့စ်ဘုတ်တွင်
လက်ညိုးလေးဖြင့် တည်းဖြတ်မှုမရှိ ခံစားချက်လေးအား အနည်းငယ်ပြုပြင်လျက် ကိုယ်ပိုင်ဘလော့များတွင်
ရေးသားတင်ပြ မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။

လေးစားလျက် ဦးမြင့်ဝင်းလှ (ပညာရေး)






Thursday, August 20, 2020

ဆရာတွေရဲ့ရှေ့တန်းဟာ စာသင်ခန်းပါဗျာ

 


(ဆရာတွေရဲ့ရှေ့တန်းဟာ စာသင်ခန်းပါဗျာ)

ဆရာတွေ အတွက်
ရှေ့တန်းဆိုတာ
သူ့ရဲ့ကျောင်း
သူ့ရဲ့စာသင်ခန်းပါ။

ဆရာတွေအတွက်
သင်တန်းဆိုတာ
ရှေ့တန်းတော့မဟုတ်ပါ။
ရှေ့တန်းထွက်ဖို့ရာ ပြင်ဆင်ပေးတဲ့
လေ့ကျင့်ကွင်းတစ်ခုပါ။

လေ့ကျင့်ကွင်းမှာ ကျဆုံးသတင်းတွေ
မီဒီယာတန္ခိုးနဲ႕ အခါခါ
ကြားသိမြင်နေကြရတာ
တကယ်ဆို ရှေ့တန်းစခန်း
စာသင်ခန်း/စာသင်ကျောင်းမှာ
တို့ဆရာတွေ ကျဆုံးတာ ဘယ်လောက်ရှိမလဲဗျာ။

ပညာရေးရှေ့တန်း
စာသင်ခန်းက ကျဆုံးတဲ့
ပညာရေးစစ်သည်များစွာ
မှတ်တမ်းတင်ကြ
မှတ်တမ်းတင်ကြ
မှတ်တမ်းသေသေချာတင်ကြ
ဂုဏ်ပြုကြဂုဏ်ပြုကြ
ကိုယ့်ဌာနက
တတ်အားသရွေ့ ဂုဏ်ပြုကြပါ။

ငွေအသပြာနဲ့
ဂုဏ်မပြုနိုင်တော့
စာသားလေးများနဲ့
ဂုဏ်ပြုပေးကြတာ
အထူးကျေးဇူးတင်ပါတယ်ဗျာ။
ပီတိဝမ်းသာလည်း ဖြစ်ရပါတယ်ဗျာ။
ကြေကွဲ ဝမ်းနည်းတာလည်းဖြစ်ရပါတယ်ဗျာ။
ပညာရေးက တို့ညီအစ်ကိုတွေရယ်
ဆက်လက်အားပေးလျက်ပါဗျာ။

ပေးဆပ်ဖူးသူတစ်ဦး
(သို့မဟုတ်) ဦးမြင့်ဝင်းလှ (ပညာရေး)

၂၀၁၉ ခုနှစ် မေလ (၁၅) ရက်တွင် ရေးသားခဲ့သည်။

ဆရာသည်သာ အခရာ

 





ပန်း၏သစ္စာ
ပန်းမေတ္တာဖြင့်
ဥယျာဉ်သာတွင်
ပန်းမာလာတို့
မြန်စွာပွင့်လန်းစေချင်သည်.......
မြန်စွာ သစ်ဆန်းစေချင်သည်။
ပန်းကောင်းပန်းမြတ်
ဖြစ်ထွန်းချက်သည်
ပန်းလက်ဝယ်ရှိ
ဆရာသိ၍
ဆရာသည်သာ အခရာတည်း။
မြတ်မျိုးမြင့်မာန်

(၁၂.၁၂.၁၉) 


0, 2018 အဝေးဆုံးနေရာက အခြေခံဆရာ၏ ခံစားချက်များ

 

မိုးရွာလည်း
တာဝန်ကျေရတယ်။
နေပူလည်း
တာဝန်ကျေရတယ်။
နှင်းဝေလည်း
တာဝန်ကျေရတယ်။
ဖုန်ထူလည်း
ရအောင်ကျော်ဖြတ်ရတယ်။


တောထူလည်း
ရအောင်ကျော်ဖြတ်ရတယ်။
တောင်အထပ်ထပ်လည်း
ရအောင်ကျော်ဖြတ်ရတယ်။
လမ်းမကောင်းလည်း
ရအောင်လှမ်းကြရတယ်။
ကျောင်းမကောင်းလည်း
ရအောင်သင်ကြရတယ်။
မိဘပြည်သူအားနည်းလည်း
ရအောင်စည်းရုံးသင်ကြရတယ်။
ကျောင်းသူကျောင်းသားတပည့်လေးများ ဆိုးလည်း
သည်းခံကြိတ်မှိတ် ချော့မော့သင်ရတယ်။


လွမ်းသော်လည်း
အဝေးကဘဲ တမ်းတရတယ်။
မမေ့သော်လည်း
အားတဲ့တစ်နေ့ လာတွေ့မယ်။
ဘာလို့လဲဆိုတော့
ကိုယ်ဟာ
အခြေခံပညာရေးဝန်ထမ်းမို့ကွယ်။

မှိုင်း(ဓာတု)



10.5.2018 6:45 am တွင်
မိမိဖြတ်သန်းခဲ့သော့
ဘဝများနှင့်ယှဉ်၍
ဝေးလံခေါင်ဖျားတွင်
တာဝန်ကျသည့်
အခြေခံဆရာဆရာမများကိုယ်စား
ခံစားရေးသားခြင်း ဖြစ်ပါသည်။

Wednesday, August 19, 2020

ဝန်ထမ်းဟူသည်

 


တာဝန်အသိ

ရင်မှာရှိ၍

ထားမိခံယူ

ခရီးသူလှမ်း

အတူလမ်းမ

သူလျှောက်ရသည်

မှန်းဆဆောင်တာ

သူ့ဝန်တာတည်း။

မောင်သီးသန့်(ရန်ကင်း)

(၂၄.၇.၁၈) တွင် ကျောင်းစစ်ဆေးရင်း လက်ထောက်မြို့နယ်ပညာရေးမှူး

တာဝန်တွင် ရေးသားခဲ့သည်/







 


တစ်ခါတစ်လေ(သို့မဟုတ်) မိုင်းဆတ်ရောက်ကျွန်တော်
***************************************
တစ်ခါတစ်လေ တောင်ပေါ်မှာ
တစ်ခါတစ်လေ မြို့ထဲမှာ
တစ်ခါတစ်လေ တစ်ယောက်တည်း
တစ်ခါတစ်လေ မိတ်ဆွေနဲ့
တစ်ခါတစ်လေ မိုးထဲမှာ
တစ်ခါတစ်လေ အမိုးအောက်မှာ
တစ်ခါတစ်လေ မီးမရှိပါ
တစ်ခါတစ်လေ မီးရှိတော့ တီဗွီ၊လက်ပ်တော့နဲ့ပါ
တစ်ခါတစ်လေ စာရေးဆရာ
တစ်ခါတစ်လေ ကဗျာရေးဆရာ
တစ်ခါတစ်လေ ဘာတွေလည်း မသိချင်တော့ပါ
ဘာလို့လဲဆိုတော့
တစ်ခါတစ်လေ ကိုယ်ဟာလည်း
ဘာမွမဟုတ္ပါ .......
သင်္ခါရဆိုတာ သိနေလို့ပေါ့ဗျာ။

မှိုင်း(ဓာတု)

 





၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့်  တာချီလိတ်မြို့နယ် စာရေးဆရာအသင်း၏ ၂၀နှစ်မြောက် ရွှေတြိဂံ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

 

Tuesday, December 10, 2019

ကျွန်တော် လက်ထောက်မြို့နယ်ပညာရေးမှူး ဖြစ်ပါသည်။



၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့်  တာချီလိတ်မြို့နယ် စာရေးဆရာအသင်း၏
 ၂၀နှစ်မြောက် ရွှေတြိဂံ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

 

မီးဘေးသင့် အမက ပုံတပ် သို့ရောက်ရှိခြင်း




မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ်အုပ်စု ဝေးလံခေါင်ဖျား ဒေသ၌ရှိသော
 လားဟူတိုင်းရင်းသားများ နေထိုင်ရာ ပုံတပ်ရွာလေး ဖြစ်ပါသည်။



(၂.၄.၂၀၂၀) မွန်းလွဲ (၂)နာရီတွင် တောမီးလောင်ရာမှ ရွာသို့ 
မီးကူးစက်လောင်ကျွမ်းခဲ့ရာ မိသားစု(၃၂)စု မီးဘေးသင့်ခဲ့ပါသည်။



 ၂၀၁၉/၂၀၂ဝ ပညာသင်နှစ်တွင် အမကအဖြစ် ကျောင်းအဆင့်တိုးခဲ့သော
 လူထုအားဖြင့် ဆောက်လုပ်ထားသော အမကကျောင်းဆောင်မှာလည်း 
မီးဘေးသင့်ခဲ့ရပါသည်။



မြို့နယ်အုပ်ချုပ်ရေးမှူးဦးငြိမ်းထွေးနှင့်ဌာနဆိုင်ရာများ၊
လူမှုကူညီရေးအဖွဲ့များက လိုအပ်သည်များကို 
အားပေးကူညီမှုများ ဆောင်ရွက်ခဲ့ကြပါသည်။



ဒုတိယမြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းလှသည် 
အဆိုပါ ခရီးစဉ်တွင် လိုက်ပါ၍ 
ပညာရေးဌာနဆိုင်ရာများ ဆောင်ရွက်ခဲ့ပါသည်။

မြတ်မျိုးမြင့်မာန်

၃.၄.၂၀၂၀

ဘဲဉခွဲပေးခဲ့ဖူးသူ ဆရာတစ်ယောက်အကြောင်း

 

ဘဲဥခွဲပေးခဲ့ဖူးသူ ဆရာတစ်ယောက်အကြောင်း

 


လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က ကျွန်တော်တာလေမှာ
မူလတန်းကျောင်းအုပ်တာဝန်ကော ၊နယ်မြေမှူး
အုပ်စုမှူးတာဝန်တွေကိုပါ မြို့နယ်ပညာရေးမှူးက
တာဝန်ပေးလို့ ဆောင်ရွက်ခဲ့ဖူးပါတယ်။
မိမိတာလေကို တပ်တွင်းမူအုပ်နဲ့စတင်တာဝန်ထမ်းဆောင်
တဲ့နှစ်မှာဘဲ အထကခွဲကျတာမကြာလှသေးတဲ့ တာလေ
အနေနဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူမရှိဘဲ
ဘဲဥရသွားတာသိခဲ့ရဖူးပါတယ်။
ကျသွားတဲ့ကလေးထဲက တစ်ချို့ ကျွန်တော့်ဆီမှာ
ဆယ်တန်းစာတွေကို ခင်မင်လေးစားမှုအရ
မိမိသင်ကြားပေးစေလိုကြောင်း မေတ္တာရပ်ခံချက်အရ
အိမ်မှာ ညစဉ်ညတိုင်းတစ်နှစ်တာ ကလေးတစ်စုကို
မြေဖြူရနံ့တွေရှူလို့ နေ့ဆို တာလေတပ်တွင်း
မူလတန်းကလေးတွေကိုကျောင်းမှာသင်ပြီး ညဆယ်တန်း
ကလေးတွေနဲ့ စေတနာအပြည့် အခမဲ့ သင်ကြားခဲ့ဖူးပါတယ်။
အဓိကကတော့ ဘာသာရပ်ကျွမ်းကျင်တဲ့ဆရာတွေ
အဲ့ဒီကာလက မပြည့်စုံလို့ဆိုတာ နားလည်
ခဲ့ပါတယ်။ကျွန်တော်ကျွမ်းကျင်တဲ့ဘာသာကို အဓိကနားမလည်
လို့ဖြစ်တာ မသင်ကြားနိုင်လို့ဖြစ်တာကို သိခဲ့တာမို့
အကောင်းဆုံးသင်ကြားပေးခဲ့ပါတယ်။
အဲ့ဒီအချိန်တက္ကသိုလ်ဝင်တန်းဓာတုဗေဒသင်ရိုးက
ကျွန်တော်တို့ခေတ်ဒုတိယနှစ်က စာတွေထိ
ပါဝင်နေပြီဖြစ်ပြီး ကလေးတွေအတွက်
ပြန်လည်လေ့လာပြီး နားလည်နိုင်ဖို့ နည်းစနစ်တွေ
တီထွင်လို့ သင်ကြားပေးခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျွန်တော်သင်တဲ့ကလေး
တွေထဲက ကြိုးစားသူကလေးအောင်မြင်ခဲ့တဲ့အတွက်
ပင်ပန်းရကျိုး နပ်ခဲ့ပါတယ်။တာလေအထကခွဲအတွက်
ဘဲဥခွဲပေးခဲ့ဖူးတဲ့သူတစ်ယောက်အဖြစ်လည်း
မိမိကိုယ်တိုင်ဆောင်ရွက်ခဲ့တာမို့ ဂုဏ်ယူခဲ့ဖူးပါတယ်။
အခုဆိုရင် ကျွန်တော်သင်ကြားပေးခဲ့ပြီး
တက္ကသိုလ်ဝင်တန်းဆယ်တန်းအောင်မြင်ခဲ့တဲ့
တိုင်းရင်းသူလေးက တာချီလိတ်က အရေးပါတဲ့
အဖွဲ့အစည်းတစ်ခုမှာ အကြီးဆုံး
တာဝန်နဲ့အောင်မြင်နေတဲ့အတွက် ပိုလို့ဝမ်းသာ
ရပါတယ်။တာလေရောက်ရောက်ချင်း မှတ်မှတ်ရရ
တစ်နှစ်ဘဲ တက္ကသိုလ်ဝင်တန်းကို အခမဲ့ညဖက်
အိမ်မှာသင်ကြားပေးနိုင်ပြီး နောက်ပိုင်းနှစ်မှာတော့
ပညာရေးအလုပ်တွေ အခြားလူမှုရေးအဖွဲ့အစည်းတွေ
ပါဝင်လာတဲ့အတွက် သင်ချင်ပေမယ့် မသင်ဖြစ်ခဲ့တော့ပါဘူူး။
ဒါပေမယ့် ကျွန်တော် ဘီအီးဒီဘွဲ့သင်ကြားရတဲ့အခါမှာတော့
အခမဲ့ ဆယ်တန်းကလေးတွေကို စေတနာနဲ့
သင်ကြားခဲ့တဲ့အတွက် ဆယ်တန်းသင်ရိုးကို
လိုက်မီသွားတဲ့အတွက် Academic ဘာသာရပ်မှာ
အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ယနေ့ မိမိသင်ပေးခဲ့တဲ့ကလေးတွေအထကခွဲဘဝကနေ
၂၅နှစ်ပြည့် ငွေရတုအထကကျောင်းပွဲလုပ်တာ တွေ့ရတော့
တာလေကကလေးတွေအတွက် ပညာရေးမှာ
အရင်က မိမိတာဝန်ထမ်းဆောင်တဲ့ကာလကလို
ဆရာပြည့်စုံမှုမရှိတဲ့ အခြေအနေဆိုးတွေလွတ်မြောက်ခဲ့ပြီဆိုတာကို
တွေးတော ဝမ်းသာမိရင်း အတိတ်က အရိပ်တစ်ခုအား
ဆရာစိတ်ဖြင့် မှတ်တမ်းတင်မိပါတယ်ခင်ဗျား။
လေးစားလျက် ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့နယ်
(၁၂.၄.၂၀၁၆) လက်ထောက်မြို့မှူးဘ၀ကရေးသားခဲ့သော facebook
က Post တစ်ခု ဖြစ်ပါသည်။