Showing posts with label ပညာရေး ကဗျာ. Show all posts
Showing posts with label ပညာရေး ကဗျာ. Show all posts

Saturday, August 29, 2020

ဘီအီးဒီဆိုတာ ......

 


ဘီအီးဒီဆိုတာ ကြွားဖို့မဟုတ်ဘူး 

ဂုဏ်ယူဖို့ပါ။

ဘီအီးဒီဆိုတာ သာမာန်မဟုတ်ဘူး 

ပညာရေးရဲ့ ရင်းမြစ်ကြီးပါ။

ဘီအီးဒီဆိုတာ 

ပညာရေးတက္ကသိုလ်တက်ရမှ 

ရတာ မဟုတ်ပါဘူး။ 

ဘွဲ့လက်မှတ်ကြီး ရမှမဟုတ်ဘဲ 

ဝါသနာ တကယ်ပါရင်

အပြင်ကနေ လေ့လာမှတ်သား 

လက်တွေ့ အသုံးချနိုင်ပါတယ်။ 

ဘီအီးဒီဆိုတာ ပညာရေးရဲ့ 

Promotion လှေကားဖြစ်တာ မှန်ပေမယ့် 

ပညာရေးမှာ 

domain ဘယ်နှစ်ခုရှိတယ်

ဆိုတာလေးတောင် မသိ‌တော့တဲ့ 

ဘီအီးဒီဆင်းသူတွေ ရှိနေတယ်။

ဘီအီးဒီက ပေးလိုက်တာတွေကို

လက်မှတ်ရတာနဲ့ 

ရင်းမြစ်တွေကို မေ့လျော့လို့

ရာထူးနောက် အသပြာနောက်

ကောက်ကောက်ပါအောင်လိုက်လို့

ဘီအီးဒီရသူ ဆိုတာကိုတောင် 

မေ့ထားကြသူတွေရှိတယ်။

အဲဒါတွေက ရ တာ နာ တွေ။ 

သင် ဘီအီးဒီရဖို့

ကြိုးစားတာ လက်ခံတယ်။ 

ဘီအီးဒီလက်မှတ်ယူပြီး

လုပ်စားတာ မဖြစ်သင့်ဘူး။

ဘီအီးဒီက ရင်းမြစ်တွေနဲ့ 

အခြေခံပညာကို တိုးတက်အောင်

အင်တိုက်အားတိုက် အားစိုက်ခွန်စိုက်

ရည်ရွယ်လုပ်ကိုင်ဖို့ 

အရေးကြီးပါတယ်။ 

ဘီအီးဒီနဲ့ အခြေခံပညာ 

တိုးတက်အောင် လုပ်ကြဖို့ 

ဘီအီးဒီ ရပြီးသူကော မရသေးသူတွေပါ 

အခြေခံပညာအတွက် 

စေတနာရှင်၊ဝါသနာရှင်၊ပညာရှင်ကြီးတွေ

ဖြစ်ကြစမ်းစေချင်လှပါတယ်။

 

ဦးမြင့်ဝင်းလှ B.Sc,B.Ed

ဒုတိယမြို့နယ်ပညာရေးမှူး




အခြေခံပညာရေးအတွက် ဘီအီးဒီကို ရာထူးထက် အခြေခံပညာအတွက် ထက်မြတ်တဲ့ လက်နက်အဖြစ်
သိနားလည်ပြီး ရယူခဲ့သည်။ ငွေရဖို့ အနည်းငယ်မျှ မစဉ်းစားခဲ့ပါ။ ရာထူးရဖို့တော့ သိခဲ့ပါသည်/
သို့သော် ပညာရေးမှူးရုံးအဆင့်ဆင့်တွင် နေသော အရာရှိရာထူးထက် ကျောင်းတွင် စာသင်သောဆရာသာ
ဘီအီးဒီကို ပိုမို ပုံဖော်နိုင်မည်ကို သိလာသောအခါ ကျောင်းတွင် စာသင်သော ဦးဆောင်ရသော ကျောင်းအုပ်ဘဝကိုသာ နေ့စဉ်တမ်းတလျက် တတ်စွမ်းသမျှ ဘီအီးဒီဆင်းများ အခြေခံပညာအတွက် မှန်မှန်ကန်ကန် ဦးဆောင်စေလိုသော မြန်မာ့ပညာရေးအတွက် အားဖြည့်စေချင်သော စေတနာမှန်ဖြင့် ဖေ့စ်ဘုတ်တွင်
လက်ညိုးလေးဖြင့် တည်းဖြတ်မှုမရှိ ခံစားချက်လေးအား အနည်းငယ်ပြုပြင်လျက် ကိုယ်ပိုင်ဘလော့များတွင်
ရေးသားတင်ပြ မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။

လေးစားလျက် ဦးမြင့်ဝင်းလှ (ပညာရေး)






Thursday, August 20, 2020

ဆရာတွေရဲ့ရှေ့တန်းဟာ စာသင်ခန်းပါဗျာ

 


(ဆရာတွေရဲ့ရှေ့တန်းဟာ စာသင်ခန်းပါဗျာ)

ဆရာတွေ အတွက်
ရှေ့တန်းဆိုတာ
သူ့ရဲ့ကျောင်း
သူ့ရဲ့စာသင်ခန်းပါ။

ဆရာတွေအတွက်
သင်တန်းဆိုတာ
ရှေ့တန်းတော့မဟုတ်ပါ။
ရှေ့တန်းထွက်ဖို့ရာ ပြင်ဆင်ပေးတဲ့
လေ့ကျင့်ကွင်းတစ်ခုပါ။

လေ့ကျင့်ကွင်းမှာ ကျဆုံးသတင်းတွေ
မီဒီယာတန္ခိုးနဲ႕ အခါခါ
ကြားသိမြင်နေကြရတာ
တကယ်ဆို ရှေ့တန်းစခန်း
စာသင်ခန်း/စာသင်ကျောင်းမှာ
တို့ဆရာတွေ ကျဆုံးတာ ဘယ်လောက်ရှိမလဲဗျာ။

ပညာရေးရှေ့တန်း
စာသင်ခန်းက ကျဆုံးတဲ့
ပညာရေးစစ်သည်များစွာ
မှတ်တမ်းတင်ကြ
မှတ်တမ်းတင်ကြ
မှတ်တမ်းသေသေချာတင်ကြ
ဂုဏ်ပြုကြဂုဏ်ပြုကြ
ကိုယ့်ဌာနက
တတ်အားသရွေ့ ဂုဏ်ပြုကြပါ။

ငွေအသပြာနဲ့
ဂုဏ်မပြုနိုင်တော့
စာသားလေးများနဲ့
ဂုဏ်ပြုပေးကြတာ
အထူးကျေးဇူးတင်ပါတယ်ဗျာ။
ပီတိဝမ်းသာလည်း ဖြစ်ရပါတယ်ဗျာ။
ကြေကွဲ ဝမ်းနည်းတာလည်းဖြစ်ရပါတယ်ဗျာ။
ပညာရေးက တို့ညီအစ်ကိုတွေရယ်
ဆက်လက်အားပေးလျက်ပါဗျာ။

ပေးဆပ်ဖူးသူတစ်ဦး
(သို့မဟုတ်) ဦးမြင့်ဝင်းလှ (ပညာရေး)

၂၀၁၉ ခုနှစ် မေလ (၁၅) ရက်တွင် ရေးသားခဲ့သည်။

ဆရာသည်သာ အခရာ

 





ပန်း၏သစ္စာ
ပန်းမေတ္တာဖြင့်
ဥယျာဉ်သာတွင်
ပန်းမာလာတို့
မြန်စွာပွင့်လန်းစေချင်သည်.......
မြန်စွာ သစ်ဆန်းစေချင်သည်။
ပန်းကောင်းပန်းမြတ်
ဖြစ်ထွန်းချက်သည်
ပန်းလက်ဝယ်ရှိ
ဆရာသိ၍
ဆရာသည်သာ အခရာတည်း။
မြတ်မျိုးမြင့်မာန်

(၁၂.၁၂.၁၉) 


0, 2018 အဝေးဆုံးနေရာက အခြေခံဆရာ၏ ခံစားချက်များ

 

မိုးရွာလည်း
တာဝန်ကျေရတယ်။
နေပူလည်း
တာဝန်ကျေရတယ်။
နှင်းဝေလည်း
တာဝန်ကျေရတယ်။
ဖုန်ထူလည်း
ရအောင်ကျော်ဖြတ်ရတယ်။


တောထူလည်း
ရအောင်ကျော်ဖြတ်ရတယ်။
တောင်အထပ်ထပ်လည်း
ရအောင်ကျော်ဖြတ်ရတယ်။
လမ်းမကောင်းလည်း
ရအောင်လှမ်းကြရတယ်။
ကျောင်းမကောင်းလည်း
ရအောင်သင်ကြရတယ်။
မိဘပြည်သူအားနည်းလည်း
ရအောင်စည်းရုံးသင်ကြရတယ်။
ကျောင်းသူကျောင်းသားတပည့်လေးများ ဆိုးလည်း
သည်းခံကြိတ်မှိတ် ချော့မော့သင်ရတယ်။


လွမ်းသော်လည်း
အဝေးကဘဲ တမ်းတရတယ်။
မမေ့သော်လည်း
အားတဲ့တစ်နေ့ လာတွေ့မယ်။
ဘာလို့လဲဆိုတော့
ကိုယ်ဟာ
အခြေခံပညာရေးဝန်ထမ်းမို့ကွယ်။

မှိုင်း(ဓာတု)



10.5.2018 6:45 am တွင်
မိမိဖြတ်သန်းခဲ့သော့
ဘဝများနှင့်ယှဉ်၍
ဝေးလံခေါင်ဖျားတွင်
တာဝန်ကျသည့်
အခြေခံဆရာဆရာမများကိုယ်စား
ခံစားရေးသားခြင်း ဖြစ်ပါသည်။

Wednesday, August 19, 2020

ဝန်ထမ်းဟူသည်

 


တာဝန်အသိ

ရင်မှာရှိ၍

ထားမိခံယူ

ခရီးသူလှမ်း

အတူလမ်းမ

သူလျှောက်ရသည်

မှန်းဆဆောင်တာ

သူ့ဝန်တာတည်း။

မောင်သီးသန့်(ရန်ကင်း)

(၂၄.၇.၁၈) တွင် ကျောင်းစစ်ဆေးရင်း လက်ထောက်မြို့နယ်ပညာရေးမှူး

တာဝန်တွင် ရေးသားခဲ့သည်/







 


တစ်ခါတစ်လေ(သို့မဟုတ်) မိုင်းဆတ်ရောက်ကျွန်တော်
***************************************
တစ်ခါတစ်လေ တောင်ပေါ်မှာ
တစ်ခါတစ်လေ မြို့ထဲမှာ
တစ်ခါတစ်လေ တစ်ယောက်တည်း
တစ်ခါတစ်လေ မိတ်ဆွေနဲ့
တစ်ခါတစ်လေ မိုးထဲမှာ
တစ်ခါတစ်လေ အမိုးအောက်မှာ
တစ်ခါတစ်လေ မီးမရှိပါ
တစ်ခါတစ်လေ မီးရှိတော့ တီဗွီ၊လက်ပ်တော့နဲ့ပါ
တစ်ခါတစ်လေ စာရေးဆရာ
တစ်ခါတစ်လေ ကဗျာရေးဆရာ
တစ်ခါတစ်လေ ဘာတွေလည်း မသိချင်တော့ပါ
ဘာလို့လဲဆိုတော့
တစ်ခါတစ်လေ ကိုယ်ဟာလည်း
ဘာမွမဟုတ္ပါ .......
သင်္ခါရဆိုတာ သိနေလို့ပေါ့ဗျာ။

မှိုင်း(ဓာတု)

 

Tuesday, December 10, 2019

ကျွန်တော် လက်ထောက်မြို့နယ်ပညာရေးမှူး ဖြစ်ပါသည်။



၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့်  တာချီလိတ်မြို့နယ် စာရေးဆရာအသင်း၏
 ၂၀နှစ်မြောက် ရွှေတြိဂံ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

Thursday, June 15, 2017



*** အရှေ့ပိတောက်    နောက်ပိတောက်နှင့်
       တောင်မြောက်ကြည့်ရာ    ပိတောက်ပါဘဲ
       မလွဲသည်မြေ      ပိတောက်မြေဟု
       တင်စားညွှန်းဆို    တို့ကွန်းခိုအံ့။

***  ခိုနားရိပ်ဆောင်     သီဟမောင်၌
         ခိုနားရိပ်ဝေ      သီရိမေ၌
         မတူကွဲပြား     ရာထူးများလှ
         စိတ်ထားကိုယ်စီ      ကြိုးစားမည်ဟု
         အံတုရာသီ      ၀ဿန်ဤသို့
         မိုးညိုမှုန်မှိုင်း      ခြုံသိုင်းတိမ်လွှာ
         ချမ်းစိမ့်လာလည်း   
         ပန်းတိုင်ရောက်အောင်      တို့စွမ်းဆောင်အံ့။

***   မဟောသဓ      ထိုခန်းမ၌
         ရက်လသင်ယူ    ပညာထူမ
         သာတူညီမျှ      ကြိုးပမ်းကြသည်
         နေ့ညသင်ပြ      အာစရိယအား
         ဦးခိုက်လျှက်ပါ      မြတ်ဆရာတို့။

***    ပညာရတနာ       ခန်းမသာ၌
         ဖွင့်ပွဲသြ၀ါဒ      နာယူရသည်
         လွမ်းကြပါစို့      ပီတီမို့လည်း
         ဘယ်ညာချီတက်      ခန်းမဘက်မှာ
         လေးပြုတန်းစီ      အဖွဲ့ညီခဲ့
         တွဲသည်ကဗျာ      ကြောင်းအရာများ
         မှတ်ကာပြုစု      ဖွဲ့သီဦးအံ့။

***   လေးမျဉ်းစောင်း တစ်ခွန်
         သင်တန်းအစ      ဒီကာလမှာ
         လေးမျဉ်းစောင်းတစ်ခွန်
         သင်တန်းအဆုံး      မြင်ယောင်အုံးမှာ
         ပြောင်းလဲတာများ      တို့အားထားလျက်
         ပညာတန်ဆောင်      ၀န်ထမ်းမောင်မယ်
         စီမံဘဏ္ဍာ     သင်ခန်းစာများ
         သင်ကြားပြီးကြ      တို့ဘ၀တွေ
         လက်ကိုင်မြဲထား      ဇွဲမာန်များနှင့်
         ပညာပြည့်ဝ ဘ၀ခရီးလှအံ့။

                         စိုင်းမြင့်ဝင်းလှ (ရှမ်းအရှေ့)

Wednesday, August 10, 2016

ဆရာကောင်း တပည့်








Friday, December 19, 2014

စာပေမြေဆီ ပန်းသို့ရည်





ပန်းတို့တည်ရာ   ဥယျာဉ်သာ၌
ရနံ့ဖြာမွှေး      လိုချင်သေး၍
အပြေးလိုက်ရှာ  ပျားလိပ်ပြာတို့
ဖွေရှာလုမော    လိုချင်ဇောနှင့်
ပန်း၏ရလဒ်  မျှော်နေအပ်၏။

ပန်းဆိုသည်လည်း
သဘာဝပန်း    ပြုစုပန်းနှင့်
အဆန်းပုံရိပ်    လှစိမ့်နိုင်စွမ်း   
ဖြေသိမ့်စွမ်းနှင့်       အစွမ်းထက်စွာ   
လောကရွာထဲ    တင့်တယ်မြဲတည့်။

ပန်းသို့လူငယ်      တင်စားခြယ်သ
စီသွယ်သီကုံး   ကဗျာဘုန်းဖြင့်
ရေးထုံးပမာ   စာကဗျာဖြင့်
သြဇာမြေဆီ  သန္ဓေတည်မှ
ပန်းသည်လှမည်   ယူဆသည်ကြောင့်
မြေဆီသြဇာ  ရေးထုံးစာကို
ဖတ်ပါမှတ်နော်  ကြိုးစားဆော်သြ
ခေတ်ပျော်လူငယ်   အသိကြွယ်ဖို့
စာသို့မြေဆီ  ပြည့်ဝတည်အံ့။

                         စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)




ပန်းသို့လူငယ် = ပန်း သို့မဟုတ် လူငယ်
စာသို့မြေဆီ = စာ သို့မဟုတ် မြေဆီ




(23.11.2013) နံနက် ၄း၃၀ နာရီတွင် စပ်ဆိုရေးသားပြီးစီးသည်







သင်မရှိသော်  သို့မဟုတ် သင်ပြောင်းသွားသော်

ဤရပ်မြေ၌    သင်မရှိသော်
       သင်တည်ခဲ့ပေ    ဤကျောင်းမြေသည်
    တိုးမြင့်ထွန်းတင့်    ကျန်ကောင်းသင့်၏။
သင့်ကျောင်းမှာပျော်    တပည့်ကျော်တို့
        တိုးမြင့်ထွန်းတင့်    ကျန်ကောင်းသင့်၏။
               သင့်မြတ်နိုးရာ    ဤနေရာသည်
            ငြိမ်းချမ်းသာယာပါစေသတည်း။

                                        မြတ်မျိုးမြင့်မာန်
                                          (၂၃.၈.၂၀၁၂)


မိမိတာဝန်ထမ်းဆောင်ခဲ့သည့်နေရာအား ဇာတိသဖွယ်သဘောထားပြီးဆောင်ရွက်စေလိုသော
စေတနာမှန်ဖြင့် ဆရာဇော်ဂျီ၏ စကားလုံးအနည်းငယ်ယူငင်သုံးစွဲ စပ်ဆိုပါသည်

ဆရာတစ်ယောက်အကြောင်း






သက်ကယ်ကျဲကျဲ     မိုးယိုတဲ၌
စွဲမြဲချည်နှောင်     နှီးဝါးဘောင်နှင့်
မှောင်မိုက်အခန်းအို     ချိနဲ့ပိုဆဲ
ကျောင်းအိုထဲမှာ .........
ပျိုနုဆရာ     ပြုစုလာရ
ချစ်လှတပည့်     ပညာရှိအောင်
သူ၏စိတ်ထဲ     ဇွဲနဘဲနှင့်
အားခဲစွမ်းဝေ     သင်ကြားပေ၏။

ဆရာတဲ့သူ     ပြုစုယူလာ
ပန်းမူယာစုံ     ဘ၀စုံကို
စုဆုံပျိုးကြ     ပန်းအလှဥယျာဉ်
ကျောင်းရင်ပြင်၌ ...........
တိုးတက်မြတ်မြင့်     ဘ၀တင့်ဖို့
လှမ်းဆင့်ထူမ     ပြုခဲ့ရလျှက်
မှန်းစဆောင်စေ     ကြိုးပမ်းလေ၏။

ရိက္ခာမကြည့်     သိက္ခာသိလျှက်
သူ၏ပျိုးခင်း     လှအဆင်းများ
မြ၀င်းဂုဏ်ပြည့်     ပန်းတိုင်ရှေ့သို့
လှမ်းတွေ့သက်ယူ     နေမပူဖို့
ဆရာ ကြိုးစားနေဦးမည်။


                စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)






ကျောင်းဝင်းခြံမရှိ၊မိုးလေမလုံ သက်ကယ်ကျဲကျဲ ချို့တဲ့နွမ်းပါးသည့် အခြေအနေများရှိသည့်
 ကျောင်းများတွင်ဆရာအဖြစ်    တာဝန်ထမ်းဆောင်ပြီး အဘက်ဘက်မှ တိုးတက်အောင် သင်ကြားရေးသာမက ကျောင်းရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်ရေး ၊စိမ်းလန်းစိုပြည်ရေး၊
ရပ်ရေးရွာရေးများတွင် ဦးဆောင်ကြိုးစားခဲ့သော ဆရာကြီးများအား ဂုဏ်ပြုလိုသဖြင့်လည်းကောင်း၊
ညီငယ် ဆရာများ ပခုံးပြောင်းတာဝန်များကျေပွန်စေလိုသဖြင့်လည်းကောင်း အမှန်တကယ် ကိုယ်ကျိုးစွန့်ကြိုးစားသူ ဆရာများရှိသည်ကို မိဘပြည်သူများအနေဖြင့် နားလည်ပြီး ပူးပေါင်းဆောင်ရွက်စေလိုသော စေတနာဖြင့်လည်းကောင်းရေးသားစပ်ဆိုခဲ့ပါသည်။



ကျွန်တော်သည်လည်း ဤကဲ့သို့သော ကျောင်းတွင် တာဝန်ထမ်းဆောင်ပြီး တိုးတက်အောင်
ရောက်သည့်နေရာတိုင်းတွင် ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်းတင်ပြအပ်ပါသည်။


၂၀၀၉ခုနှစ်ထုတ် တာချီလိတ်မြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့မှထုတ်ဝေသော ရွှေတြိဂံမဂ္ဂဇင်းတွင်
ဖေါ်ပြပါရှိပြီးဖြစ်ပါသည်။









စာမေးပွဲဆိုသည်မှာ




ရသူဖြေကြ     အင်အားမှတည်
စွမ်းလှရင်ထဲ    မာန်တင်းဇွဲဖြင့်
သဲသဲလှုပ်လှုပ်    တဒုတ်ဒုတ်မြည်
ဖြေထုတ်နိုင်အား    နှလုံးသားမှာ
မနားမနေ    ရသူဖြေ၏။

မရမဖြေ    ခေါင်းကုတ်နေသည်
စိတ်လေတွေဝေ    ရမ်းသာဖြေချ
အမေညက    ဆိုဆုံးမလည်း
တမ်းတကာလ    ကုန်ခဲ့ရသည်
မြေခသူကြွေ    ကျခဲ့လေပြီ။

ဆရာကြောင့်လား    အတွေးများနှင့်
မိဘကြောင့်လား    အတွေးများနှင့်
ကျောင်းသားဘ၀င်   ဘာတွေမြင်လည်း
ကျောင်းသားသူရေ  ...................
အကျွန်ပြောမည်    နားဆင်ချည်လော့
သင်သာသခင်    သင်လေမြင်လို့
သင့်ဘ၀လမ်း    စဉ်ဖြောင့်တန်းဖို့
သင့်အသိအား    အမြင်ပွား၍
ဥာဏ်ထားဆင်ခြင်    စိတ်အသွင်နှင့်
အနာဂတ်လမ်း    သင်လျှောက်လှမ်းက
မုချအောင်မည်    သေချာသည်။


                         စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)

ဤကဗျာအား (၁၉.၁၂.၁၄) စပ်ဆို၍ အွန်လိုင်းစာမျက်နှာများတွင် စတင်တင်ပြသည်။